Thursday, January 7, 2010

အင်းဝစာအုပ်တိုက် ပြောင်းရွှေ့ဖွင့်လှစ

အင်းဝစာအုပ်တိုက်ကို ယခင် ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်း(အထက်

ဘလောက်)၊ အမှတ်-၃၀၁၊ မြေညီထပ်သို့ ၁-၁-၂၀၁၀ရက်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့

ကြောင်း သိရသည်။ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အင်းဝစာအုပ်တိုက်နှင့် စိတ်ကူး

ချိုချို စာအုပ်တိုက်တို့ ပူးပေါင်း၍ နှစ်သစ်ကြိုပညာရေးစာအုပ်ပွဲတော်ကို ၁-၁-၂၀၁၀

ရက်မှ ၁၀-၁-၂၀၁၀ ရက်အထိ ပြုလုပ်လျက်ရှိသည်။ပွဲတော်တွင်အင်းဝစာအုပ်တိုက်

ထုတ် နိုင်ငံတကာမှ တင်သွင်းသော ပညာရေးဆိုင်ရာ စာအုပ်များ၊ မြန်မာစာအဖွဲ့နှင့်

ပူးပေါင်းထုတ်ဝေထားသည့် အင်္ဂလိပ်-မြန်မာအဘိဓာန်နှင့်မြန်မာ-အင်္ဂလိပ်အဘိဓာန်

စာအုပ်များကို ၁၀ ရာခိုင်နှုန်းနှင့် စိတ်ကူးချိုချို စာအုပ်တိုက်ထုတ် အင်္ဂလိပ်ဘာသာ

စကားအပါအ၀င် စာသင်သုံး၊ ကလေးသူငယ်သုံး ပညာရေးစာအုပ်များကို ၂၀ရာခိုင်

နှုန်းနှင့် အခြားစာအုပ်များကို ၁၅ရာခိုင်နှုန်း လျှော့ချရောင်းချမည်ဖြစ်ကြောင်း ၂၀၁၀

ခုနှစ် ဇန်န၀ါရီလ ၇ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: