PageMaker ဟာ တစ်ခါတစ်ရံမှာ Font တွေ မပေါ်တာတို့၊ Font ပေါ်ပေမဲ့လည်း ရွေးလိုက်တဲ့အခါမှာ Font not Found ဆိုပြီး ရှိရဲ့သားနဲ့ မရှိဘူးလို့ ပြောတာကို စာဖတ်သူလည်း ကြုံဖူးမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ခဏခဏကြုံပါတယ်။ အရင်တုန်းကတော့ ဘာကြောင့်မှန်းမသိဘူး။ PageMaker ကိုဖြုတ်တယ်၊ ပြန်တင်တယ်။ ဒါလည်းမရဘူး။ PageMaker က ဖြစ်တာလို့ပဲ ထင်ခဲ့တာ။
အခုတော့ သိသွားပြီ။ တကယ်တမ်းက PageMaker ဟာ C:\Windows\Font ဖိုလ်ဒါထဲမှာ Shortcut တွေ ရှိနေရင် တခြားဖိုင်တွေရှိနေရင် အဲဒီလိုတွေ ဖြစ်တတ်ပါတယ်။
ဖြေရှင်းနည်းက လွယ်ပါတယ်။
C:\Windows\Fonts ထဲကိုသွားပြီး Shortcut တွေ မှန်သမျှဖျက်ပါ။ ပြီးရင် .fon နဲ့ဆုံးတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်ပါ။ ပြီးရင် PageMaker ကိုဖွင့်ကြည့်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။
PageMaker ဟာ မသုံးသင့်တော့ပေမဲ့ ငယ်ကျွမ်းဆွေကြီးမို့ ကျွန်တော်ကတော့ မပစ်နိုင်ဖြစ်နေရပါတယ်။ PageMaker အစားထိုးအနေနဲ့ InDesign ကိုသုံးစွဲသင့်တယ်ဆိုတာ သိပေမဲ့လည်း အခုထိ InDesign ဘက်ကို ခြေဦးမလှည့်ဖြစ်သေးဘူး။
ရေးသားသူThurein
Friday, January 15, 2010
ဖေဖော်ဝါရီ ၆ ရက်တွင် အကယ်ဒမီ ဆုပေးပွဲ နေပြည်တော်၌ ကျင်းပမည်
၂၀၀၈ခုနှစ်အတွင်းရုံတင်ပြသခဲ့သောရှပ်ရှင်ကားများကိုချီးမြှင့်မည့်မြန်မာရုပ်ရှင်
ထူးချွန်ဆု( အကယ်ဒမီ) ပေးပွဲကို လာမည့် ဖေဖော်ဝါရီ ၆ ရက်တွင် နေပြည်တော်ရှိ
လဟာပြင်ဇာတ်ရုံ၌ ယခင်နှစ်များကအတိုင်း ကျင်းပမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ရုပ်
ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေကပြောသည်။ အကယ်ဒမီ ဆုချီးမြှင့်ပွဲကို ပြည်
ထောင်စုတိုင်းရင်းသား ကိုယ်စားလှယ်များ၊အနုပညာရှင်၊အတတ်ပညာရှင်များတက်
ရောက်ကြမည်ဖြစ်ပြီးဆုပေးပွဲသို့ တက်ရောက်လိုသည် ရန်ကုန်မှ အနုပညာရှင်များ၊
သတင်းယူလိုသည့် စာနယ်ဇင်းသမားများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ
ကားစီစဉ်ပေးမည်ဖြစ်ကြောင်း ဦးမြင့်သိန်းဖေကပြောကြားသည်။ နေပြည်တော် လ
ဟာပြင်ဇာတ်ရုံတွင်ဆုချီးမြှင့်ပွဲစင်မြင့်တည်ဆောက်ရေးလုပ်ငန်းအဖွဲ့များလည်းသွား
ရောက်ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်
ဆုအရေအတွက်နှင့် အနုပညာအတက်ပညာဆိုင်ရာဆု ၁၁ဆုကိုချီးမြှင့်ထားပြီး ယ
ခုနှစ်အတွက်ထူးချွန်ဆုစာရင်းဝင် ဇာတ်ကား၁၂ကားရှိသည့်အနက်ရှစ်ကားမှာ ဟာ
သဦးစားပေးဇာတ်ကားများဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် 7
Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
***(January 15 ni in Ni hawpin ne (valh) ding kici hi. Pagan pan kitel mahmah ding ci ahih manin Tourist te in tua lam zuan tam mahmah uh ki ci hi.)

Wednesday, January 13, 2010
အီတလီလူမျိုးရေး တိုက်ခိုက်မှုများအပေါ် ပုပ်ရဟန်းမင်းကြီး ဝေဖန်ရှုတ်ချ
ပုပ်ရဟန်းမင်းကြီး အီတလီတို့အနေနှင့် နိုင်ငံအတွင်း တရားမ၀င် ရောက်ရှိနေသော ဆင်းရဲနွမ်းပါးသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးအပေါ် တန်ဖိုးထား လေးစားကြရန် တိုက်တွန်းပြောဆိုလိုက်သည်။ ပြီးခဲ့သည့်သီတင်းပါတ်အတွင်း အီတလီတောင်ပိုင်းတွင် လူမျိုးရေး အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်းအား ရည်ညွှန်းပြီး ရိုမန်ကက်သလစ် ဘာသာရေး ဦးသျှောင်ဖြစ်သည့် ပုပ်ရဟန်းမင်း ဘင်နဒစ်(၁၆)က ဗာတီကန်နန်းတော်မှ ယခုလို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် ဇန်န၀ါရီ၁၀ရက်နေ့က ကာလာဘရီယာရှိ ရိုဆာနိုမြို့မှ လူပေါင်းရာနှင့်ချီမျှကို ဘတ်စ်ကားများ အသုံးပြုပြီး ရွှေ့ပြောင်းပေးခဲ့ရသည်။ ယင်းမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ အပါအ၀င် ဆင်းရဲနွမ်းပါးသည့် အာဖရိကတိုက်မှ လယ်လုပ်သားများ နေထိုင်ကြသည်။ လူမျိုးရေးခွဲခြားသည့် တိုက်ခိုက်မှုများကြောင့် လူ၇၀မျှ ဒဏ်ရာများ ရရှိခဲ့သည်။ လေ့လာသူများက ယခုကိစ္စသည် မာဖီးယားကဲ့သို့ ဒေသတွင်း ရာဇ၀တ်မှု အဖွဲ့များက လှုံ့ဆော်ခြင်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ ဒဏ်ရာရသူများတွင် တရားမ၀င် ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်နေပြီး ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့သည် မြို့တွင်းအခြေအနေကို ပြန်လည်ကောင်းမွန်အောင် ထိန်းသိမ်းမှုများ ပြုလုပ်နေခဲ့သည်။
“တရားမ၀င် ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား တစ်ယောက်ဆိုတာလည်း လူတစ်ယောက်ပါ။ သူဘယ်ကလာတယ်၊ ဘယ်လိုယဉ်ကျေးမှုရှိတယ်၊ ဘယ်လိုဓလေ့ထုံးစံကို ယုံကြည်တယ် ဆိုတာကလွဲရင် သူဟာကိုယ်တော်တို့လို လူတစ်ယောက်ပါပဲ”ဟု ပုပ်ရဟန်းမင်းကြီးကဆိုသည်။ ယခုရက်ပိုင်းအတွင်း ဆင်းရဲသော အာဖရိက စိုက်ပျိုးရေး လုပ်သားများသည် လူမျိုးရေးခွဲခြားမှုများ၏ သားကောင်ဖြစ်လာခြင်းအတွက် စိတ်မကောင်းကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။ “ဒါဟာ လူတစ်ယောက်ချင်းစီရဲ့ ပြဿနာပါ။ ခင်ဗျားတို့ရဲ့ ဘေးပတ်ဝန်းကျင်က လူတစ်ယောက်စီရဲ့ မျက်နှာကိုကြည့်ပါ။ ပြီးရင်သူ့ရဲ့ စိတ်ဝိဥာဉ်ကိုကြည့်ပါ။ သူတို့ရဲ့ ဘ၀ဇာတ်ကြောင်းနဲ့ နေထိုင်ပုံတွေ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ဆိုတာ လက်ခံလိုက်ပါ။ ဘုရားသခင်ဟာ ကိုယ့်ကိုချစ်သလို သူတို့ကိုလည်း ချစ်မြတ်နိုးတယ်ဆိုတာ နားလည်လာဖို့ အရေးကြီးပါတယ်”ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားသည်။
အီတလီ အာဏာပိုင်များက လူမျိုးရေး တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများအား Ndranghetaခေါ် ဒေသခံ မာဖီးယားအဖွဲ့က ဦးဆောင်နေသည်ဟု ယူဆရကြောင်း ပြောဆိုထားသည်။ ယင်းတို့သည် ကာလာဘရီယာ ဒေသတွင်သာမက အီတလီတစ်နိုင်ငံလုံးတွင်ပါ ဩဇာအကြီးဆုံး ဒုစရိုက် အဖွဲ့အဖြစ် ရပ်တည်နေသည်။ အီတလီ ပြည်ထဲရေးဝန်ကြီး ရိုဘာတို မာရိုနီက ယခုအကြမ်းဖက်မှုသည် လက်ဝဲ၀ါဒီများ စွပ်စွဲသကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားအဖြစ် သတ်မှတ်ရန် ဥပဒေအရ ကန့်သတ်ထားမှုများနှင့် ပတ်သက်နေကြောင်း ၀န်ခံပြောဆိုသွားသည်။

Apple iPhoneကို ယှဉ်ပြိုင်သွားမည့် Google Nexus One
မိုဘိုင်းလ်ဖုန်း ဈေးကွက်ကို ကြီးစိုးထားသော Apple၏ iPhoneအား တိုက်ရိုက်ယှဉ်ပြိုင်သွားရန် ရည်ရွယ်ချက်ဖြင့် Googleက ၎င်းတို့၏ ကုမ္ပဏီပိုင် မိုဘိုင်းလ်ဖုန်းကို ဇန်န၀ါရီလ (၅)ရက်နေ့က တရားဝင် ထုတ်လုပ်ရောင်းချခဲ့သည်။Nexus Oneဟု အမည်ပေးထားသည့် ဖုန်းအား Googleက Onlineမှတဆင့် ရောင်းချသွားမည်ဖြစ်ပြီး www.google.com/phone ၀က်ဘ်ဆိုက်မှတဆင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖုန်းရောင်းချမှုကို T-Mobileက တာဝန်ယူထားပြီး (၂)နှစ်ကြာ
စာချုပ်အတွက် (၁၇၉)ဒေါ်လာဖြင့် ၀ယ်ယူနိုင်မည်ဖြစ်သည်။ ယခုလောလောဆယ်တွင် T-Mobileက ဖုန်းရောင်းချရေး တာဝန်ယူထားသော်လည်း ယခုနှစ်ပိုင်းအတွင်း Verizon Wirelessနှင့် ဗြိတိန်ဈေးကွက်တွင် Vodafoneတို့မှတဆင့် Nexus Oneအား ရောင်းချပေးသွားမည်ဖြစ်သည်။ ဖုန်းအား စာချုပ်မပါဘဲ ၀ယ်ယူပါက (၅၂၉)ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ Nexus Oneတွင် Google၏ Updateအဖြစ်ဆုံး Androidကို Operating Systemအဖြစ် သုံးစွဲထားသည်။ HTCမှ ဖုန်းကိုယ်ထည်အား တာဝန်ယူ ဖန်တီးထားပြီး မြန်နှုန်းမြင့် Processorတစ်ခု ပါဝင်ကာ Touchscreen နည်းပညာကို သုံးစွဲထားသည်။ 5 megapixel ကင်မရာပါဝင်သောဖုန်းသည် ဗီဒီယိုနှင့် ဓာတ်ပုံများအား အရည်အသွေး မြင့်မားစွာ ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း Googleက ပြောကြားထားပြီး GPSစနစ်၊ Headphoneအတွက် Stereo Bluetooth Connectionများလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။ Gee-Whizအမည်ရှိ Featureအရ emailကို ကိုယ်တိုင်မရေးဘဲ ပါးစပ်မှ ပြောဆိုရုံဖြင့် ဖုန်းမှအလိုလို ရေးသားပေးသွားသည်။ ထို့အပြင် Twitterနှင့် Facebookတို့တွင်လည်း Status Updateများကို ကိုယ်တိုင်စာမရိုက်ဘဲ အသံဖြင့်ပင် ပြုလုပ်နိုင်မည်ဖြစ်သည်။ Googleသည် iPhoneအား ယှဉ်ပြိုင်ရန် ယခင်ကတည်းက ကြိုးပမ်းခဲ့ပြီး အဓိက ခြေလှမ်းအဖြစ် မိုဘိုင်းလ်ဖုန်း အသုံးပြု Operating Systemဖြစ်သော Androidအား တီထွင်ခဲ့သည်။ သို့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

ကြိုးဖုန်းများ ကြိုးမဲ့ ပြောဆိုနိုင်မည့် စနစ် FISCA က စမ်းသပ် အောင်မြင်
မြန်မာနိုင်ငံအနှံ့တွင် အများဆုံးအသုံးပြုလျက်ရှိသည့် KY-1000XM အိတ်ချိန်းမှ
ကြိုးဖုန်းများကို ကြိုးမဲ့စနစ်ဖြင့် တွဲလျက် ပြောဆိုနိုင်မည်ဖြစ်သော KY-WLL System
ကို FISCA ကုမ္ပဏီလီမိတက်က စမ်းသပ် အောင်မြင်သွားပြီဟု သိရသည်။ လုံခြုံရေး
နှင့် ဆက်သွယ်ရေးနည်းပညာများကို အဓိကထားထုတ်လုပ်နေသည့် FISCA; Yad-
anarpon PAN Myanmar Co.,Ltd. သည်အဆိုပါ KYအိတ်ချိန်းများကိုအသုံးပြုကာ
ခရမ်းနှင့် သုံးခွမြို့များတွင်ရှိသော ကြိုးဖုန်းများကို ပထမဆုံး စမ်းသပ်ခဲ့သည်ဟု သိရ
သည်။ အဆိုပါစမ်းသပ်မှုမှာ ယခုအခါ အောင်မြင်ခဲ့ပြီးဖြစ်သဖြင့် မြန်မာနိုင်ငံတွင် သုံး
စွဲလျက်ရှိသော ကြိုးဖုန်းစနစ်ကို ကြိုးမဲ့ဖုန်းစနစ်နှင့် ပထမဆုံးအကြိမ် တွဲဖက်အသုံးပြု
နိုင်ခဲ့ပြီဖြစ်သည့်အပြင်ကြိုးမဲ့ဖုန်းများကိုယင်းမြို့နယ်၏ ၁၀မိုင်ပတ်ဝန်းကျင်မှတစ်ဆင့်
ပြည်တွင်းပြည်ပနိုင်ငံများသို့ ဆက်သွယ်နိုင်ပြီဟု သိရသည်။ “ဒီ KY-WLL Rular So-
lution (KY Wireless Local Loop) စနစ်ကိုမြန်မာနိုင်ငံမှာလက်ရှိ KY အိတ်ချိန်းများ
မှာ သုံးစွဲနေတဲ့ ကြိုးဖုန်းတွေအပြင် ကြိုးမဲ့ဖုန်းများပါတွဲဖက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီ
စနစ်ကို အသုံးပြုမယ်ဆိုရင် အသုံးပြုလိုတဲ့မြို့မှာတော့ဆက်သွယ်ရေးတာဝါတိုင်တွေ
ရှိဖို့တော့ လိုအပ်ပါတယ်။ အဲဒီKY-WLL စနစ်ကိုတပ်ဆင်မယ်ဆိုရင်တပ်ဆင်တဲ့ တာ
ဝါတိုင် အမြင့်ပေါ်မူတည်ပြီး အကွာအဝေးအလိုက် ကြိုးမဲ့စနစ်က ပြောဆိုနိုင်မှာဖြစ်ပါ
တယ်”ဟု FISCA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ KY-WLL System သည်
GSM Mobile စနစ်ကို အခြေခံသည့်အတွက် GSM Fixed ဖုန်းများတွင် ထည့်သွင်း
အသုံးပြုနိုင်ကြောင်းသိရသည်။ FISCA မှ စမ်းသပ်အောင်မြင်နေပြီဖြစ်သော အဆိုပါ
KY-WLL Rural Solution ကိုKY-1000XM အိတ်ချိန်း တည်ရှိသော မြို့များရှိ တာဝါ
တိုင်များတွင် တပ်ဆင်နိုင်ရန်အတွက် လိုအပ်သောဆက်စပ်ပစ္စည်းများကိုထုတ်လုပ်
နိုင်တော့မည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ထုတ် Flower News
ဂျာနယ်တွင် ဖော်ပြထားပါသည်။

Subscribe to:
Comments (Atom)