Thursday, January 7, 2010
ရန်ကုန်-နေပြည်တော်- မန္တလေး ခရီးစဉ်သစ် တောင်ကိုရီးယားထုတ် လေအိတ် ကားများဖြင့် ပြေးဆွဲမည်
တောင်ကိုရီးယားမှ ပထမဦးဆုံးတင်သွင်းသောခရီးသည်တင်လေအိတ်ကားများ ဖြင့် ယခုနှစ် ရန်ကုန်-နေပြည်တော်-မန္တလေးယာဉ်လိုင်းအသစ်ကို ဧပြီလဆန်းတွင် စ တင်ပြေးဆွဲမည်ဟု MICT ကုမ္ပဏီဒါရိုက်တာ ဦးအာကာစိုးနောင်ကပြောသည်။အဆို ပါ ယာဉ်လိုင်းသစ်ကို တောင်ကိုရီးယားရှိ Hana International ကုမ္ပဏီလီမိတက်နှင့် မြန်မာကုမ္ပဏီ MICT တို့ပူးပေါင်းကာ ခရီးသည်တင်လေအိတ်ကား ၁၀ စီးဖြင့်စတင် ပြေးဆွဲရန် စီစဉ်နေကြောင်းသိရသည်။ ယင်းခရီးသွား ပို့ဆောင်ရေး လုပ်ငန်းသစ်ကို ‘Zion’ ဟု အမည်ပေးထားပြီးယခု တင်သွင်းလာသည့် ကား အမျိုးအစားများမှာ ကား အောက်ပိုင်းမျက်နှာပြင်နိမ့်သဖြင့် တောင်ပေါ်ဒေသများတွင် ပြေးဆွဲရန် အဆင်မပြေ ကြောင်း ယခုခရီးစဉ် ပြေးဆွဲခြင်းအောင်မြင်လျှင် တခြား ခရီးစဉ်များကိုပါ တိုးချဲ့ပြေး ဆွဲရန် အစီအစဉ်ရှိကြောင်းသိရသည်။ “ပို့ဆောင်ခကိုလဲ ဈေးနည်းနည်းပဲယူပြီး ပြေး ဆွဲပေးမယ်။ ဈေးနည်းလို့ဝန်ဆောင်မှုပိုင်းမှာလဲ လုံးဝမလျော့သွားစေရပါဘူး။ ဒီလိုင်း ပြေးဆွဲလို့ အောင်မြင်ရင် ကားလုပ်ငန်းက အမြတ်ငွေတွေနဲ့ အင်န်ဂျီအိုကဲ့သို့သော ထောက်ပံ့လှူဒါန်းတဲ့အလုပ်တွေကိုအများကြီးလုပ်ဆောင်ပေးသွားဖို့စီစဉ်နေပါတယ်။ ကိုရီးယားကုမ္ပဏီက ကိုရီးယားလူမျိုးကလဲ စီးပွားလုပ်လို့ရလာတဲ့အရင်းအနှီးကိုမြန် မာနိုင်ငံအတွက်ပြန် အသုံးချသွားမှာပါ” ဟု၎င်းကထပ်မံပြောသည်။အဆိုပါဟွန်ဒိုင်း ကားအမျိုးအစားတွင် ခရီးသည် ၄၅ဦးဆံ့၍ Full Frame ပါဝင်ပြီးခြောက်လုံးထိုးအင် ဂျင်အမျိုးအစားဖြစ် ကြောင်းဒီဇယ်အင်ဂျင်ဆီကိုအသုံးပြု၍ ဘယ်မောင်းကား အမျိုး အစားဖြစ်သည်။ ထို့ပြင် ကိုရီးယားနိုင်ငံတွင် အကြမ်းခံသော ကားအမျိုးအစားတွင် သာ ထည့်သွင်းပေးပြီး ခရီးသည်သက်သောင့်သက်သာဖြစ်စေမည့် Limousine အ မျိုးအစားကိုထည့်သွင်းတပ်ဆင်ထားကြောင်း၂၀၁၀ခုနှစ်ဇန်နဝါရီလ၅ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment