ကိုရီးယားနိုင်ငံတွင် အလုပ်ရရှိမည်ဆိုကာ ငွေကြေး လိမ်လည်ခဲ့သူ တစ်ဦးအား
အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း သိရသည်။ ရန်ကုန်တိုင်းသင်္ဃန်းကျွန်းမြို့နယ်
ဇ၀နရပ်ကွက်အမှတ်(၁)သရက်တောလမ်းနေ Golden Apple Construction Group
Co.,Ltd မှ ဦးမောင်မောင်မြင့်အား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု
ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၅၂/၂၀၀၉ဖြင့် အမည်ပျက် စာရင်းသွင်းလိုက်
ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ကိုရီးယားနိုင်ငံ၌ အလုပ်အ
ကိုင်ရရှိအောင် ဆောင်ရွက်ပေးမည်ဆိုကာ ဦးထွန်းထွန်းနိုင်ပါ ငါးဦးတို့ထံမှ တစ်ဦး
လျှင် စရန်ငွေကျပ်ငါးသိန်းစီဖြင့် ၂၅သိန်းရယူပြီးအလုပ်အကိုင်ရရှိအောင်ဆောင်ရွက်
ပေးနိုင်ခြင်းမရှိသည့်အပြင် ထွက်ပြေး တိမ်းရှောင်နေသဖြင့် အရေးယူပေးပါရန် တိုင်
ကြားစာအပေါ် စုံစမ်းတွေ့ရှိချက်များအား ပြည်ထဲရေးဝန်ကြီးဌာနမှ အကြောင်းကြား
လာခြင်းနှင့် ပတ်သက်၍ တရားဝင်ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ထားခြင်းမရှိဘဲငွေကြေး
ရယူပြီးထွက်ပြေး တိမ်းရှောင်နေသူ အဆိုပါပုဂ္ဂိုလ်အား အမိန့်ကြေညာစာ ထုတ်ပြန်
သည့် နိုဝင်ဘာ ၂ရက်မှစ၍ အမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်သည်။ ကိုရီးယား
နိုင်ငံတွင် တရားဝင်အလုပ်သမားများကိုနှစ်နိုင်ငံသဘောတူညီချက်ဖြင့်ခေါ်ယူလျက်
ရှိပြီး လိမ်လည်မှုများရှိနေရာ သတိပြုကြရန်လိုအပ်ကြောင်းကိုအလုပ်သမားဝန်ကြီး
ဌာနက မကြာသေးမီလပိုင်းကထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၇
ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment