Sunday, January 17, 2010

စီးတီးတက္ကစီများကို ပါရမီယာဉ်ကဲ့သို့ဖြစ်စေရန် ဆောင်ရွက်တော့မည်

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲနေသော စီးတီးတက္ကစီများကို ပါရမီတက္ကစီများကဲ့သို့ ပြောင်းလဲသွားမည်ဟု သိရသည်။

ပထမဆုံးအနေဖြင့် ယခု ဇန်န၀ါရီလမှစပြီး ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိနေသည့် စီးတီးတက္ကစီများကို ယာဉ်စည်းကမ်းနှင့် ညီမညီ စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးနှင့်လုံခြုံချောမွေ့ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အစိုးရအရာရှိကြီးတဦးက ပြောသည်။

ရန်ကုန်မြို့တွင်း တက္ကစီမောင်းသူတဦးကမူ ၎င်းတို့ တက္ကစီသမားများအား ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက အကြောင်းမကြားသေးကြောင်း ပြောသည်။

၎င်းက “အကြောင်းမကြားဘဲ စစ်တာတွေလုပ်တယ်ဆိုရင်တော့ ကြားပေါက် ငွေရှာတာပဲလို့ ကျနော်တို့က မှတ်ယူမယ်။ တခုခု သတ်မှတ်တယ်ဆိုရင် အကြောင်းကြားသင့်တယ်။ ပါရမီတက္ကစီတွေလို အဆင့်မြှင့်ရအောင် အခုရန်ကုန်မှာ မောင်းနေကြတဲ့ ကားတွေက နှစ်ချို့ကားတွေ ခင်ဗျ။ ပါရမီကားတွေက မကြာသေးခင်ကမှ တင်သွင်းလာတဲ့ကားတွေ၊ ဘယ်လိုယှဉ်နိုင်မလဲ။ ဘယ်လိုစိတ်ကူးနဲ့  အဲဒီလိုလုပ်တယ်ဆိုတာကို မတွေးတတ်အောင်ပဲ” ဟု ပြောသည်။

ပါရမီတက္ကစီယာဉ်များသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ်ကပင် ရန်ကုန်စည်ပင်အတွင်း ပြေးဆွဲလျက်ရှိပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ပိုင်ဆိုင်သော ယာဉ်လိုင်းတခုဖြစ်ကာ အစီးရေ (၅၀၀) ရှိနေပြီဖြစ်သည်။

ပါရမီတက္ကစီအတိုင်းဖြစ်စေရန် ဆောင်ရွက်မည်ဆိုပါက မော်ဒယ်အမြင့်ကားများကိုသာ ပြေးဆွဲစေမည်ကို စီးတီးတက္ကစီ ယာဉ်ပိုင်ရှင်များက စိုးရိမ်နေကြကြောင်း သိရသည်။

“မော်ဒယ်အမြင့်တွေကိုပဲ ပြေးဆွဲရတော့မယ်ဆိုရင်တော့ နံပါတ် အနိမ့်ကားတွေကို ပြေးဆွဲခွင့်ရပ်ပြီး နံပါတ်အနက် ပြောင်းလိုက်ရင် ခက်မယ်။ အခုက စီးပွားရေးတွေမကောင်းကြဘူး။ တက္ကစီကား ထောင်စားတာ လွန်ခဲ့တဲ့ (၁၀) နှစ် လောက်ကပဲ။ ကျနော့်မှာ ကာလပေါက်ဈေး သိန်း (၁၅၀) လောက်ပေါက်တဲ့ ဆလွန်းကားလေး နံပါတ်က ဓ နဲ့ သ နှစ်စီးရှိတယ်ဗျ” ဟု ယာဉ်ပိုင်ရှင်တဦးက ပြောသည်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ အရာရှိတဦး၏ ပြောပြချက်အရ စီးတီးတက္ကစီများကို ပါရမီယာဉ် အတိုင်း ဖြစ်စေရန်ဆောင်ရွက်ခြင်းမှာ ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စေရန် ဖြစ်သည်ဟု ဆိုသည်။

“အမျိုးမျိုး အကြောင်းပြတာလို့ပဲ မြင်ပါတယ်။ မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်ဖို့ဆိုရင် လျှပ်စစ်မီးကို အရင် (၂၄) နာရီရအောင် လုပ်သင့်တာပေါ့။ အခုတော့ ရန်ကုန်မြို့ထဲကို သွားကြည့်လိုက်ရင် မီးစက်သံတွေ ညံစီလို့၊ အသံညစ်ညမ်းမှု၊ လေထု ညစ်ညမ်းမှုတွေ ဖြစ်စေတယ်လေ” ဟု ရန်ကုန်မြို့ခံတဦးက ဝေဖန်သည်။


ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းတွင် ပါရမီတက္ကစီယာဉ်အပါအ၀င် မှတ်ပုံတင်ပြုလုပ်ပြီး စာရင်းရှိ တက္ကစီ စီးရေမှာ (၂၀,၀၀၀) ခန့် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးချစ်သူ

အင်တာနက်ပေါ်ကလူလိမ်

သိပီးသားလေးဆိုရင်တော့ဆောရီးနော်
အခု ခေတ်ကြီးမှာ လိမ်နည်းတွေက ပိုပြီးများလာပါတယ်။ လိမ်တဲ့နည်း တွေကလည်းအရင့်၊
အရင်တုံးက နည်းအတိုင်းတွေပါဘဲ ၊ ဖဲသုံးချပ်လိမ်တာ ၊ ရွှေအတု ချ
ကောက်ရသလိုလုပ်ပြီးလိမ်တာ ၊ လိမ်ပြီး အလှူခံတာ ၊ ကုန်သည် က
ကုန်ဝယ်ချင်ယောင်ဆောင်ပြီးလိမ်တာအခုမှ တော က တက်လာပြီး ၊ ရန်ကုန်ထဲ မှာ
မျက်စိသူငယ် ဖြစ်နေချင်ယောင်ဆောင်ပြီးလိမ်တာ စုံလို့ပါဗျာ ၊ အရင်တုံး က လူလိမ်
နေအေး ရဲ့ လိမ်နည်းများ ဆိုပြီး စာအုပ်ထုတ်ထား တာ ကြားဘူးပါတယ်။ ရှိ တဲ့ သူများ
ဗဟုသုတ အတွက် တင်ပေးကြပါဦး ။

လိမ်သမျှ နည်းတွေ က လဲ ၊ ကျွန်တော် တို့ ဗမာလူမျိုးတွေ ရဲ့ ယုံလွယ်တဲ့
စိတ်ကိုယ်ချင်းစာ တတ်တဲ့ စိတ် ၊ သူများ ကို ကူညီလိုတဲ့ စိတ် ၊ အားနာတတ်တဲ့
စိတ်သူများ ‘ဒုက္ခရောက်နေရင် မနေတတ်တဲ့ စိတ် တွေ ကို အခွင့်ကောင်းယူပြီးရိုးရိုး
ရှင်းရှင်း လေး လိမ်သွား ကြတာပါ။

အခုရက်ပိုင်း ကြားနေရတာက အင်တာနက် အခြေပြုပြီး လိမ်တာ တဲ့ ဗျ။ယာဟူးမေးလ် ၊
ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို အခြေခံပြီး လိမ်တာ ၊ လိမ်တဲ့ သူ ကလဲ ဗမာပြည်က
လူတွေ ဘဲ ဖြစ် ပါတယ် ၊ အလိမ်ခံ ရတာလဲ ဗမာပြည် က လူတွေပါဘဲ။
အခု အင်တာနက် ဆက်သွယ်ရေး က ကောင်းလာတော့ ၊ ခု န ပြောတဲ့ယာဟူးမေးလ် ၊ ဂျီမေးလ် ၊
ဂျီတော့ခ် တွေ ကို လူသုံးများလာပါတယ် ။အများစု ကတော့ ဆိုင်တွေ မှာ သုံးကြပါတယ်


‘ဒီဟာတွေ က ၊ ပါတ်စ်ဝဒ် တွေကို လုံခြုံအောင် လူအများစု က
ဂရုမစိုက်ကြပါဘူး။ငါတို့ က လျို့ဝှက်စရာ မရှိဘူး ၊ မဟုတ်တာ ပြော တာ မဟုတ် ဘူး
၊ဟို လို မျိုး ၊ ရှုပ်ရှုပ် ရှက်ရှက် နိုင်ငံရေး လဲ မပြောဘူး ၊ဆင်ခြေ
အမျိုးမျိုး နဲ့ ပေါ့ဗျာ။ကိုယ် ကို တိုင် မသုံးတတ် တာလဲ ပါမှာပါ ၊ သူများ ကို
လုပ်ခိုင်းတာ ၊ဆိုင်ကိုဘဲ အားကိုးပြီး အပ်ထားတာ ၊ အကြောင်း အမျိုးမျိုး ပေါ့
ဗျာ။ကိုယ့် အီးမေးလ်တွေ ရဲ့ လုံခြုံရေး ကို ဂရုမစိုက်တတ်ကြ ပါဘူး ခင်ဗျ။

အခု အဲဒီ ပါဆင်နယ် အီးမေးလ်တွေ ၊ ချတ်တင်လော့ဂ် တွေ ကို စိမ်ပြေ နပြေ
ထိုင်ဖတ်ပြီးယုတ်တိရှိရှိ အမှန် အကန် ၊ ပုံဖမ်းပြီး လိမ်နေတဲ့ ကိစ္စတွေ
ရှိလာပါပြီ။‘ဒီလူလိမ် က သူ့ မှာ နည်းမျိုးစုံ နဲ့ ရှာထားတဲ့ အီးမေးလ် ၊ ချတ်တင်
ပါတ်စ်ဝဒ်တွေ နဲ့စာတွေကို နေ့တိုင်း ဖတ်ပြီး လေ့လာတယ် ၊ပြီးတော့ သေချာတဲ့ ဂွင်
ဆို သွားလိမ်တော့တာပါဘဲ။

ကျွန်တော့ အသိ က စင်္ကာပူမှာ အလုပ်လုပ်တယ် ၊ မကြာခန တခြားနိုင်ငံတွေ ကို
အလုပ်သဘောအရ သွားရတယ် ၊ သူ နဲ့ သူ့ အိမ် နဲ့ ဆက်သွယ်သမျှ ၊ ချတ်တင် ပြောသမျှ
တွေ ကို
လူလိမ် က တော်တော် စောစော ကတဲက စာတွေ ခိုးဖတ်ထားလို့ အကုန် သိနေတယ် ခင်ဗျ။

ပြီးခဲ့ တဲ့ အပါတ် က အဲဒီ အသိ ၊ က ထုံးစံ အတိုင်း ခရီးသွားရပါတယ်။ခုန လူလိမ် က
အဲဒီအချိန် မှာ စ လိမ်တော့ တာပါဘဲ ၊ မင်္ဂလာဈေး က ၁သောင်းကျော်လောက်ပေးရတဲ့
သစ်သီးဖျော်စက်လေးရယ် ၊ မိတ်ကပ်ဘူး အပေါစားလေးတွေ ရယ်ကိုင်ပြီး ၊ သူ့မိဘ အိမ်
ကို ရောက်လာပါတယ် ၊ သူနဲ့ စင်္ကာပူ က သူတို့သား နဲ့လုပ်ဖော် ကိုင်ဘက်ဖြစ်ကြောင်း
၊ အခု သူ က ဗမာပြည်မှာ အလှူ လုပ်စရာရှိလို့ ခွင့်တပါတ်ယူလာတဲ့ အကြောင်း ၊ သူ့
သူငယ်ချင်းလဲ ခရီးသွားကာနီး ၊ သူ ဗမာပြည်ပြန်
မှန်း သိရလို့ ကသောကမျော လက်ဆောင်ဝယ် လူကြုံ ထည့်ပေးလိုက် လို့လာပို့ကြောင်း
ပြောပါတယ် ၊ သူနဲ့ အလွန်ခင်ကြောင်း ၊ သူ့ မိသားစု အကြောင်း တွေ ကိုဟို
အီးမေးလ်တွေ ချတ်တင်လောဂ် တွေထည်း က ခိုးဖတ်ထား လို့ သိရတာတွေ ပါရွှန်းရွန်းဝေ
အောင် ပြောသကိုးဗျ ၊ မိဘ တွေ က လဲ ၊ သား ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေကိုတွေ့ ရလို့
ဝမ်းတွေ သာ နေသကိုးဗျ။

နောက် ၂ ရက်လောက် ကြာတော့ မိဘ တွေ ဆီ ကို အီးမေးလ် လာတယ်။သားဖြစ်သူ က သူ ခန
သွားတဲ့ ဗီယက်နမ် နိုင်ငံ မှာ ပိုက်ဆံအိတ် ခါးပိုက် အနှိုက်ခံရကြောင်း ၊
ပါတ်စပို့တောင် ပါသွားလို့ ၊ အတော် အခက်အခဲ ဖြစ်နေကြောင်းရန်ကုန် မှာ
ရောက်နေတဲ့ ၊ သူ့ သူငယ်ချင်း ကို အကူအညီ တောင်းထားကြောင်းစိတ်ပူဘို့
မလိုကြောင်း ရေးထားပါတယ်။

အဲဒီစာ အားလုံး က ခုန လူလိမ် က ကြား ထဲ က ဝင်ရေးတာပါ။ နောက်နေ့မနက် မှာတော့
ဒီလူလိမ် အိမ် ကိုရောက်လာပါတယ် ၊ သူ စင်္ကာပူ ကို ပြန်တော့
မှာမို့လာနှုတ်ဆက်တာပါတဲ့ ၊ တခြား မှာ စရာ ရှိရင်ပြော ပါဆိုပြီးနှုတ်ဆက်ပါတယ်။
တခြားတော့ ဘာ မှာ မပြောပါဘူး ၊ ‘ဒါနဲ့ မိဘ တွေ က မေးရကောင်းနိုးနိုးမမေးရကောင်း
နိုးနိုး ပေါ့ ၊ မနေနိုင်လို့ အမေကြီးလုပ်သူ က သူ့ သားဗီယက်နမ် မှာ ပိုက်ဆံအိတ်
ပျောက်သွားတာ သိသလား ဆိုတော့ ၊ ဒီ လူ က မှင်သေသေနဲ့ဟာ ၊ မပူ နဲ့ အမေကြီး ၊ ဒါ က
ကျွန်တော့ တာဝန်ပါ အကုန်စီစဉ်ထားပါတယ်စိတ်မပူပါနဲ့ ဆိုပီး ရီရီမောမော ပြောပါတယ်
။ ပြီးတော့ တခြား သူခိုးဖတ်ထား တဲ့မိသားစု ရေးရာ တွေ ကို ကောင်းကောင်း
ရွှီးနေတော့ တာပါဘဲ တဲ့ ခင်ဗျ။
ပြန်ခါနီး မှ သူ့ မှာ သူငယ်ချင်းဆီ ပိုက်ဆံ ပို့တာ ၊ လက်ထဲ ရှိတဲ့ ဗမာငွေ
နဲနေလို့ခြောက်သိန်းလောက် ခနပေး ပါ။ ကျန်တာတော့ သူဘဲ စိုက်ပြီး ချက်ချင်း ငွေ
ပို့ချင်လို့ဆိုပြီးပြောပါတယ် ၊ မိဘ က လည်း သူ့သား ကိစ္စ ကို ကူညီ နေသူ ကို
ဆိုတော့ခြောက်သိန်း လောက်တော့ ပြော မနေတော့ပါဘူး ဆိုပီး ပေးလိုက်ပါတယ်။အဲဒီ မှာ
လူလိမ် ဆီ ကို ပိုက်ဆံ ပါ သွား ပါလေ ရော ဗျာ ။

ရိုးရိုး လေး လိမ်သွားတာပါ ၊ လိမ် ပုံ လိမ် နည်း က ဟုတ်တိ ပါတ်တိ ဆိုတော့ကာ
လိမ် နေ မှန်း ချက် ချင်း ဘယ် သိပါ့ မလဲ ၊ ကိုယ် က တောင် ကျေးဇူးတွေ
တပုံကြီးတင်လိုက်ရ ပြီး အလိမ်ခံ လိုက်ရတာပါ ။ ဒီလို ဇာတ်လမ်း မျိုး ၊ အီးမေးလ်
အကြောင်းပြု ပြီးအလိမ် ခံရတယ် ကြားရတာ ၂ ယောက် ၃ ယောက် ရှိပါပြီ။
ဘာ အကြောင်း ကြားကြား ၊ သွေးပူ သွားစရာ မရှိ ပါဘူး ၊ သေချာ အောင်တယ်လီဖုန်း
စောင့်ပါ။ တခြား ရင်းနှီးသူ သူငယ်ချင်းများ ကို ထပ်ဆက်သွယ်ပါ။၂ ထပ်ကွမ်း ၃
ထပ်ကွမ်း စုံစမ်းပြီး ၊ သတင်း ကို သေချာ အောင် စုံစမ်းကြပါ။အီးမေးလ် က ၊
ချတ်တင် က ကြားလို့ သိလို့ က တော့ ၊ ဘယ်သူ ဘယ်ဝါဘယ်သားချင်း ၊ ဘယ် သူငယ်ချင်းဘဲ
ဖြစ်ဖြစ် ၊ ချက်ချင်း မယုံလိုက် ကြပါနဲ့။သူ တို့ ကိုယ်တိုင် ရေးတာ ဟုတ်ချင် မှ
ဟုတ်မှာပါ။ ဘာ မှ မသေချာပါဘူး ခင်ဗျာ ။

လူလိမ် ဆိုတာက ဂျို ပါ နေတာ မဟုတ်ပါဘူး ၊ကိုယ့် ကို လိမ် ဘို့ ၊ ဘယ် အချိန်
ကတဲက ၊ ဘယ်လို ကြံစီ နေတယ် ဆို တာကိုယ် က သိနိုင်တာ မှ မဟုတ် တာ လား၊ ခင်ဗျာ ။
မြန်မာပြည်သူ ၊ မြန်မာပြည်သားများ အားလုံး ၊ လူ အချင်းချင်း လှည့်ပါတ်ခံ ရ
ခြင်း၊ ဘေး မှ ကင်းဝေး နိုင်ကြပါစေ။နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ ခင်ဗျား ။


(သူငယ်ချင်းတစ်ယောက်ပေးပို့လာတာလေးကိုရှယ်ပေးလိုက်ပါတယ်..အားလုံးပဲလူလိမ်ခံရခြင်းမှ
ကင်းဝေးပါစေ)
Tags: အင်တာနက်ပေါ်ကလူလိမ်

နှင်းဆီရင်ခွင် အဖွဲ့သားများ၏ နှစ်သစ်နှင်းဆီအငြိမ့် ကပြဖျော်ဖြေမည်

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ရန်ပုံငွေအဖြစ် ဒုတိယအကြိမ်တင်ဆက်ကပြမည့် နှင်းဆီရင်ခွင်အဖွဲ့သားများ၏ နှစ်သစ်နှင်းဆီအမည်ဖြင့် အငြိမ့်နှင့် ပြဇာတ်ဖျော်ဖြေပွဲကို ဇန်န၀ါရီ၁၅ရက်မှ ၁၇ရက်နေ့အထိ ရန်ကုန်မြို့အမျိုးသားဇာတ်ရုံတွင် တင်ဆက်ကပြမည်ဖြစ်ကြောင်း ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ထံမှ သတင်းရရှိသည်။


ယခုဖျော်ဖြေပွဲတွင် နှင်းဆီရင်ခွင် အဖွဲ့သားများဖြစ်ကြသည့် နေတိုး၊ မိုးမိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းတို့အပြင် အဆိုတော်ရဲလေးလည်း ပါဝင်မည်ဖြစ်ပြီး၊ မင်းသမီးများအဖြစ် မေကဗျာနှင့်ဖူးစုံတို့ ကပြမည်ဖြစ်သည်။ အငြိမ့်နှင့်ပြဇာတ်ကို ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဖန်တီးမည်ဖြစ်ပြီး၊ ဇာတ်တိုက်လေ့ကျင့်မှုများကို ဇန်န၀ါရီလဆန်းပိုင်းတွင် စတင်ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါဖျော်ဖြေပွဲတွင် အငြိမ့်နှင့်ပြဇာတ်အပြင် တေးသီချင်းဖြေဖျော်မှုများလည်း ပါဝင်ရန် စီစဉ်နေကြောင်း သိရသည်။

Credit: အေးသူ (7Day News Journal, Vol. 8, No. 44)

source:ပလန်းနက်ဒေါ့ကွမ်း

ရန်ကုန်မြေပုံစာအုပ်ထွက်ရှိမည် အတွဲ(၁၁) အမှတ်(၂)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏လမ်းညွှန်မှုဖြင့် Design Printing Services Co.,Ltd. မှ ရန်ကုန်မြေပုံစာအုပ် (၂၀၀၉-၂၀၁၀) ကို စတုတ္ထအကြိမ်အဖြစ်ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

The Map of Yangon (2009-2010) တွင် ဂြိုဟ်တုမှရရှိသော ရန်ကုန်မြို့တော်၏ပကတိ Satellite Map ကိုအခြေခံလျက် ရန်ကုန်မြို့လယ်ခေါင်မှစ၍ လှိုင်သာယာစက်မှုဇုန်၊ ဒဂုံမြို့သစ်၊ သာကတေ၊ သန်လျင်
ကျောက်တန်း၊ ဒလအစရှိသောမြို့ သစ်များအထိ အသေးစိတ်မြေပုံ ပေါင်း(၁၈၀)ဖြင့် အချိတ်အဆက်မိမိ ဖော်ပြထားသည်။ The Map of Yangon 2009-2010 တွင် လမ်းအမည် များနှင့် တည်နေရာအမည်များကို မြေပုံပေါ်တွင် အင်္ဂလိပ်-မြန်မာနှစ် ဘာသာဖြင့် ရှင်းလင်းပြတ်သားစွာ ဖော်ပြထားကြောင်းသိရသည်။ ထို့ပြင်စာအုပ်ထဲတွင် မြန်မာတစ်နိုင်ငံ လုံး မြေပုံကိုလည်းထည့်သွင်းဖော်ပြထားသည်။ ထူးခြားချက်မှာ အဆိုပါမြေပုံ
များနှင့်အချက်အလက်များ၊ ကြော် ငြာများကို www.dpsmap.com အမည်ဖြင့် မြန်မာနိုင်ငံအကြောင်း ပြည့်စုံစွာဖော်ပြထားသော Website တစ်ခုကိုအင်တာနက်ပေါ်တွင်အခမဲ့ လွှင့်တင်ကြော်ငြာပေးထားပြီးဖြစ် သည်။ Website တွင်မြန်မာနိုင်ငံ အကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းနှင့်ပတ်သက်သော အကြောင်းအရာများ၊ ပွဲတော်များအ ကြောင်းကို ကြော်ငြာများဖြင့် ဝေေ၀ ဆာဆာလွှင့်တင်ပေးထားသည်။
အသုံးပြုလိုသူများအနေဖြင့် Design Printing Services Co.,Ltd. (D.P.S) အမှတ်-(၁၆၅/၁၆၇)၊ ၃၅ လမ်း၊ ပထမထပ်၊ ကျောက်တံတား မြို့နယ်၊ ဖုန်း-၀၁-၂၀၄၀၂၀၊ Fax: 01-245230, E-mail: dps@myanmar.com.mmThis e-mail address is being protected from spambots. You need JavaScript enabled to view it တွင်ဝယ်ယူနိုင်ပါသည်။

ကို ရီမုတ် ကွန်ထရိုး အဖြစ် သုံးနိုင်မည်

အိုင်ဖုန်းဖြင့် မိမိ၏ ကားအား အဝေးထိမ်း ရီမုတ်ကွန်းထရိုး အဖြစ် အသုံးချနိုင် © ( www.wired.com )

မော်တော်ကား တံခါးများကို ဖွင့်ရာတွင် အဝေးမှ ရီမုတ် ကွန်ထရိုးဖြင့် လှမ်းဖွင့် ခြင်းသည် ခေတ်စားသော အလေ့အထ တခုအဖြစ် ရပ်တည် လာသည်မှာ ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။

ယခုအခါ iPhone အသုံးပြုသူ များသည် ၎င်းတို့၏ ဖုန်းကို မော်တော်ကား ရီမုတ်အဖြစ် အသုံးပြု နိုင်တော့မည်ဟု သိရှိရသည်။ iTunes မှတဆင့် Download လုပ်ယူနိုင်သော ယင်း Application သည် iPhone ၏ ဘက်စုံ အသုံးတည့်မှုကို ပိုမိုပြည့်စုံ ကောင်းမွန် လာစေမည် ဖြစ်သည်။

ထို့အပြင် ယင်း Application သည် မော်တော်ကား၏ အပူအအေး စံနစ် များကိုပါ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း တီထွင် ရေးဆွဲသူ Directed Electronics မှဆိုသည်။ Viper ၏ SmartStart ဟု အမည် ပေးထားသော ယင်း Application သည် မော်တော်ကား တံခါး အဖွင့်အပိတ် ပြုလုပ်ခြင်း၊ ကားတွင် တပ်ဆင်ထားသော Alarm ကို အဖွင့်အပိတ် ပြုလုပ်ခြင်း များပါ ဆောင်ရွက် နိုင်မည်ဟု သိရှိရသည်။

iPhone တွင် ယင်း Application ကို ထည့်သွင်း ထားပြီးနောက် ပေ(၃၀) အကွာမှ မော်တော်ကားအား လှမ်း၍ ထိန်းချုပ် ခိုင်းစေမှုမျာ ပြုလုပ်နိုင်မည်ဟု သိရှိရသည်။

Smart Start ကို အသုံးပြုသူများ အနေနှင့် (၄၉၉) ဒေါ်လာဖြင့် ၀ယ်ယူ နိုင်မည်ဖြစ်ပြီး နောက်ထပ် အသစ်ထွက်လာသည့် Service များကိုပါ ရယူလိုမည် ဆိုလျှင် နှစ်စဉ်ကြေး (၂၉.၉၉) ဒေါ်လာစီ ထပ်မံ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာပြက္ခဒိန် ကုဒ်ဒင်းအသစ် ဒီမှာယူပါ

မြန်မာပြက္ခဒိန် အလုပ်မလုပ်ဘူးလို့ ကျွန်တော့်ဆီဘောက်စ်မှာ လာအော်သွားလို့ ကျွန်တော်လည်း အွန်လိုင်းမှာ တောနင်းရှာဖွေရာက ကိုစိုးမင်း ပြန်ပြင်ရေးပေးထားတဲ့ Javascript လေးကို တွေ့ပါတယ်. ပြန်ပြီး Sharing လုပ်လိုက်ပါတယ်. ဒိတ်တွေ တိုက်ကြည့်တော့ မှန်ပါတယ်. ဒီကုဒ်ဒင်းလေးတွေကို ယူလိုက်ပါ.

ဘလော့ဂ်မှာ ဘယ်လိုထည့်ရမလဲဆိုရင်တော့ Layout ကိုသွားပါ. Add a gadget ကိုသွားပါ. HTML/Javascript ကိုယူပါ. ပြီးရင်တော့ ဒီအောက်က ကုဒ်ဒင်းလေးတွေကို ကော်ပီပေ့စ်လုပ်လိုက်ပါ. ဒါပါပဲ.



မိမိတို့မှာ ရှိနေတဲ့ ပြက္ခဒိန် ကုဒ်ဒင်းလေးတွေကို ဒါလေးနဲ့ ပြန်အစားသွင်းလိုက်ရင် အဆင်ပြေသွားမှာပါ. ပိုပြီးတော့ အဆင်ပြေချင်ရင်တော့ ဒီ JS ဖိုင်လေးကို ဒေါင်းလုပ်ချလိုက်ပါ. ပြီးတော့ ကိုယ့်ဖာသာ အဆင်ပြေမယ့် Hosting site တစ်ခုခုမှာ ကိုယ့်ဖာသာပဲ Hosting လုပ်ပြီး လင့်ခ်လေးကို ထုတ်ယူလိုက်ပါ. ဒါဆိုရင် အများကြီးက ၀ိုင်းဆွဲလို့ Bandwidth Limit ကျော်သွားတာမျိုး မဖြစ်နိုင်တော့ပါဘူး.

ဒီမှာ ဒေါင်းလုပ်ချပါ.

File Hosting ဘယ်လိုလုပ်ရလဲဆိုတာ မသိသူများကတော့ ဒီတိုင်းပဲ သုံးချင်လည်းသုံးပါ. ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျ လုပ်ကြည့်ချင်ပါတယ်. လေ့လာချင်ပါတယ်ဆိုရင်တော့ ဒီနေရာမှာ အပြည့်အစုံ ဆွေးနွေးရှင်းပြထားပါတယ်...

ဒီကုဒ်ဒင်းလေးကို Develop လုပ်ပေးတဲ့ မာ့ခ် (ခ) ကိုစိုးမင်းကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်.

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

ရန်အော

ဖေဖော်ဝါရီ ၆ ရက်တွင် အကယ်ဒမီ ဆုပေးပွဲ နေပြည်တော်၌ ကျင်းပမည်

၂၀၀၈ခုနှစ်အတွင်းရုံတင်ပြသခဲ့သောရှပ်ရှင်ကားများကိုချီးမြှင့်မည့်မြန်မာရုပ်ရှင်

ထူးချွန်ဆု( အကယ်ဒမီ) ပေးပွဲကို လာမည့် ဖေဖော်ဝါရီ ၆ ရက်တွင် နေပြည်တော်ရှိ

လဟာပြင်ဇာတ်ရုံ၌ ယခင်နှစ်များကအတိုင်း ကျင်းပမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ရုပ်

ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေကပြောသည်။ အကယ်ဒမီ ဆုချီးမြှင့်ပွဲကို ပြည်

ထောင်စုတိုင်းရင်းသား ကိုယ်စားလှယ်များ၊အနုပညာရှင်၊အတတ်ပညာရှင်များတက်

ရောက်ကြမည်ဖြစ်ပြီးဆုပေးပွဲသို့ တက်ရောက်လိုသည် ရန်ကုန်မှ အနုပညာရှင်များ၊

သတင်းယူလိုသည့် စာနယ်ဇင်းသမားများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ

ကားစီစဉ်ပေးမည်ဖြစ်ကြောင်း ဦးမြင့်သိန်းဖေကပြောကြားသည်။ နေပြည်တော် လ

ဟာပြင်ဇာတ်ရုံတွင်ဆုချီးမြှင့်ပွဲစင်မြင့်တည်ဆောက်ရေးလုပ်ငန်းအဖွဲ့များလည်းသွား

ရောက်ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်

ဆုအရေအတွက်နှင့် အနုပညာအတက်ပညာဆိုင်ရာဆု ၁၁ဆုကိုချီးမြှင့်ထားပြီး ယ

ခုနှစ်အတွက်ထူးချွန်ဆုစာရင်းဝင် ဇာတ်ကား၁၂ကားရှိသည့်အနက်ရှစ်ကားမှာ ဟာ

သဦးစားပေးဇာတ်ကားများဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် 7

Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။