Wednesday, January 27, 2010
ကြိုတင်ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိဘဲ ဆုံးရှုံးမှုလည်းကြီးမားသော ငလျင်ကဲ့သို့ သဘာဝဘေးမျိုးအတွက် လူထုနိုးကြားမှုနှင့် ပြင်ဆင်ထားမှုတို့ကသာ ဆုံးရှုံးမှုကိုလျှော့ ချရာရောက်နိုင်ပြီး မြန်မာနိုင်ငံတွင်ယင်းသို့ပြင်ဆင်ထားမှုများလိုအပ်နေဆဲဖြစ်ကြောင်း ကျွမ်းကျင်းသူများ၏ အဆိုအရ သိရှိရသည်။ မြန်မာနိုင်ငံသည် မြောက်မှ တောင်အရပ် အထိငလျင်ကြောပေါ်တွင်တည်ရှိနေပြီးလှုပ်ရှားနေသေးသည့်ပြတ်ရွေ့ရှင်ကြီးများရှိနေ သည်ဟုသိရှိရသည်။ ပြီးခဲ့သည့် နှစ်အတွင်းကလည်း ဒေသတွင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများအဖို့ ငလျင်နှင့် မုန်းတိုင်းသည် သတိပြုဖွယ်ရာသဘာဝဘေးအန္တရာယ် များဖြစ်လာခဲ့ပြီး ယခုနှစ်ဦးပိုင်းတွင်လည်းဆုံးရှုံးမှုကြီးမားသောဟေတီငလျင်ဖြစ်ပေါ်ခဲ့ သည့်အတွက် မည်သည့်နိုင်ငံတွင်မဆို၊ မည်သည့် အချိန်တွင်မဆို ဖြစ်နိုင်ခြေရှိသော ငလျင်ဘေးနှင့်ပတ်သက်၍ ပြင်ဆင်ထားရန်လိုသည်ဟု ပညာရှင်များကသုံးသပ်ကြပါ သည်။မြန်မာနိုင်ငံငလျင်ဇုန်များပြမြေပုံအရငလျင်ပြင်းထန်ဇုန်တွင်ကျရောက်နေသော မြို့ကြီးများမှာ တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ-ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ဝန်းသို၊ ခန္တီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနှင့်ကွမ်းလုံတို့ဖြစ်သည်ဟု သိရှိ ရပါသည်။ မြန်မာနိုင်ငံ၏ အဓိက ပြတ်ရွေ့ရှင်တစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့သည် သတိပြုဖွယ်ရာအဖြစ်ရှိနေပြီးယင်းပြတ်ရွေ့တစ်လျှောက်ရှိဒေသများမှာ ငလျင်ဖြစ်နိုင် ခြေကိုသတိပြုရန်လိုသည်ဟုဆိုကြသည်။ “ငလျင်ကြီးတစ်ခုဖြစ်ပြီးသွားရင်မရပ်သေး ဘူး။ ငလျင်ငယ်လေးတွေ ရှိသေးတယ်။ ငလျင်ငယ်လေးတွေ လှုပ်နေတယ်ဆိုတာ ငလျင်ကြီး ပြီးသွားတယ်လို့ ယူလို့ရသလို ငလျင်ကြီး တစ်ခု ထပ်လှုပ်ဖို့ အားယူနေ တယ်လို့လည်းယူဆလို့ရကြောင်း ၂၀၁၀ ခုနှစ်ဇန်ဝါရီလ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment