Friday, January 15, 2010

PageMaker မှာ Font ရွေးမရရင်

PageMaker ဟာ တစ်ခါတစ်ရံမှာ Font တွေ မပေါ်တာတို့၊ Font ပေါ်ပေမဲ့လည်း ရွေးလိုက်တဲ့အခါမှာ Font not Found ဆိုပြီး ရှိရဲ့သားနဲ့ မရှိဘူးလို့ ပြောတာကို စာဖတ်သူလည်း ကြုံဖူးမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ခဏခဏကြုံပါတယ်။ အရင်တုန်းကတော့ ဘာကြောင့်မှန်းမသိဘူး။ PageMaker ကိုဖြုတ်တယ်၊ ပြန်တင်တယ်။ ဒါလည်းမရဘူး။ PageMaker က ဖြစ်တာလို့ပဲ ထင်ခဲ့တာ။

အခုတော့ သိသွားပြီ။ တကယ်တမ်းက PageMaker ဟာ C:\Windows\Font ဖိုလ်ဒါထဲမှာ Shortcut တွေ ရှိနေရင် တခြားဖိုင်တွေရှိနေရင် အဲဒီလိုတွေ ဖြစ်တတ်ပါတယ်။

ဖြေရှင်းနည်းက လွယ်ပါတယ်။

C:\Windows\Fonts ထဲကိုသွားပြီး Shortcut တွေ မှန်သမျှဖျက်ပါ။ ပြီးရင် .fon နဲ့ဆုံးတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်ပါ။ ပြီးရင် PageMaker ကိုဖွင့်ကြည့်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

PageMaker ဟာ မသုံးသင့်တော့ပေမဲ့ ငယ်ကျွမ်းဆွေကြီးမို့ ကျွန်တော်ကတော့ မပစ်နိုင်ဖြစ်နေရပါတယ်။ PageMaker အစားထိုးအနေနဲ့ InDesign ကိုသုံးစွဲသင့်တယ်ဆိုတာ သိပေမဲ့လည်း အခုထိ InDesign ဘက်ကို ခြေဦးမလှည့်ဖြစ်သေးဘူး။
ရေးသားသူThurein

No comments: