မြန်မာနိုင်ငံအနှံ့တွင် အများဆုံးအသုံးပြုလျက်ရှိသည့် KY-1000XM အိတ်ချိန်းမှ
ကြိုးဖုန်းများကို ကြိုးမဲ့စနစ်ဖြင့် တွဲလျက် ပြောဆိုနိုင်မည်ဖြစ်သော KY-WLL System
ကို FISCA ကုမ္ပဏီလီမိတက်က စမ်းသပ် အောင်မြင်သွားပြီဟု သိရသည်။ လုံခြုံရေး
နှင့် ဆက်သွယ်ရေးနည်းပညာများကို အဓိကထားထုတ်လုပ်နေသည့် FISCA; Yad-
anarpon PAN Myanmar Co.,Ltd. သည်အဆိုပါ KYအိတ်ချိန်းများကိုအသုံးပြုကာ
ခရမ်းနှင့် သုံးခွမြို့များတွင်ရှိသော ကြိုးဖုန်းများကို ပထမဆုံး စမ်းသပ်ခဲ့သည်ဟု သိရ
သည်။ အဆိုပါစမ်းသပ်မှုမှာ ယခုအခါ အောင်မြင်ခဲ့ပြီးဖြစ်သဖြင့် မြန်မာနိုင်ငံတွင် သုံး
စွဲလျက်ရှိသော ကြိုးဖုန်းစနစ်ကို ကြိုးမဲ့ဖုန်းစနစ်နှင့် ပထမဆုံးအကြိမ် တွဲဖက်အသုံးပြု
နိုင်ခဲ့ပြီဖြစ်သည့်အပြင်ကြိုးမဲ့ဖုန်းများကိုယင်းမြို့နယ်၏ ၁၀မိုင်ပတ်ဝန်းကျင်မှတစ်ဆင့်
ပြည်တွင်းပြည်ပနိုင်ငံများသို့ ဆက်သွယ်နိုင်ပြီဟု သိရသည်။ “ဒီ KY-WLL Rular So-
lution (KY Wireless Local Loop) စနစ်ကိုမြန်မာနိုင်ငံမှာလက်ရှိ KY အိတ်ချိန်းများ
မှာ သုံးစွဲနေတဲ့ ကြိုးဖုန်းတွေအပြင် ကြိုးမဲ့ဖုန်းများပါတွဲဖက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီ
စနစ်ကို အသုံးပြုမယ်ဆိုရင် အသုံးပြုလိုတဲ့မြို့မှာတော့ဆက်သွယ်ရေးတာဝါတိုင်တွေ
ရှိဖို့တော့ လိုအပ်ပါတယ်။ အဲဒီKY-WLL စနစ်ကိုတပ်ဆင်မယ်ဆိုရင်တပ်ဆင်တဲ့ တာ
ဝါတိုင် အမြင့်ပေါ်မူတည်ပြီး အကွာအဝေးအလိုက် ကြိုးမဲ့စနစ်က ပြောဆိုနိုင်မှာဖြစ်ပါ
တယ်”ဟု FISCA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ KY-WLL System သည်
GSM Mobile စနစ်ကို အခြေခံသည့်အတွက် GSM Fixed ဖုန်းများတွင် ထည့်သွင်း
အသုံးပြုနိုင်ကြောင်းသိရသည်။ FISCA မှ စမ်းသပ်အောင်မြင်နေပြီဖြစ်သော အဆိုပါ
KY-WLL Rural Solution ကိုKY-1000XM အိတ်ချိန်း တည်ရှိသော မြို့များရှိ တာဝါ
တိုင်များတွင် တပ်ဆင်နိုင်ရန်အတွက် လိုအပ်သောဆက်စပ်ပစ္စည်းများကိုထုတ်လုပ်
နိုင်တော့မည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ထုတ် Flower News
ဂျာနယ်တွင် ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment