နိုင်ငံတကာ ရေနံပေါက်ဈေးနှုန်း ပြည်တွင်းဝယ်ယူသုံးစွဲမှုနှင့် လက်ကျန်ပမာဏအပေါ်
မူတည်၍ နှစ်သစ်ကူးကာလမှ စတင်ကာ တစ်ရှိန်ထိုးမြင့်တက်ခဲ့သော ဒီဇယ်ဆီဈေးနှုန်းများ
မှာ တစ်ပီပါလျှင် တစ်သောင်းခွဲကျော်ပြန်လည်ကျဆင်းခဲ့ပြီးဇန်န၀ါရီ ၂၀ရက်နေ့တွင် တစ်ပီ
ပါ ကျပ်တစ်သိန်းငါးသောင်းခြောက်ထောင်ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်းဘုရင့်နောင်
ပွဲရုံအခြေစိုက် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောကြားသည်။ ၂၀၀၉ခုနှစ် နို
ဝင်ဘာလနှောင်းပိုင်းမှ စတင်၍ ဈေးနှုန်းအတက်အကျ လျင်မြန်စွာပြောင်းလဲခဲ့သော ဒီဇယ်
ဆီဈေးနှုန်းများမှာ ၂၀၁၀ပြည့်နှစ် ဇန်န၀ါရီ ပထမပတ်တွင် တစ်ရှိန်ထိုးမြင့်တက်ခဲ့ပြီးဇန်န၀ါ
ရီ ၂ရက်နေ့တွင် တစ်ပီပါ ကျပ်တစ်သိန်းလေးသောင်းခုနစ်ထောင်ကျပ်ဖြင့်အရောင်းအ၀ယ်
ဖြစ်ခဲ့ရာမှ ဇန်န၀ါရီ ၇ရက်နေ့တွင်တစ်သိန်းငါးသောင်းခုနစ်ထောင်၊ဇန်န၀ါရီ ၁၃ရက်နေ့တွင်
ကျပ်တစ်သိန်းခုနစ်သောင်းအထိ အသီးသီးမြင့်တက်ခဲ့ကြောင်းဗိုလ်တထောင်မြို့နယ် လင်း
စဒေါင်းအခြေစိုက် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များကပြောကြားသည်။ပြင်ပဒီဇယ်
ဆီဈေးနှုန်းများ ဆိုင်ထုတ်ဈေးထက် တစ်ပီပါကျပ် နှစ်သောင်းခန့်မြင့်တက်ချိန်တွင်နယ်ဝယ်
လိုအားသိသာစွာ ကျဆင်းမှုမရှိသော်လည်း လာရောက် ရောင်းချသည့်ပမာဏမှာ များပြား
လာခဲ့ကြောင်း ဘုရင့်နောင်ပွဲရုံအခြေစိုက် စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက
ပြောကြားသည်။ ၂၀၁၀ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေး အခြေအနေများ ပြန်လည်ကောင်းမွန်
နိုင်ခြင်း၊စွမ်းအင်လောင်စာလိုအပ်ချက်ပမာဏမြင့်တက်လာဖွယ်ရှိခြင်းများကြောင့်ရေနံဈေး
နှုန်းများမှာ တစ်စည်လျှင် ဒေါ်လာ ၇၀အောက် ကျဆင်းမည်မဟုတ်ဟု စီးပွားရေးပညာရှင်
များက ခန့်မှန်းကြကြောင်း ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၂၅ရက်နေ့ထုတ် The Voice ဂျာနယ်
တွင် ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment