မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ရန်ပုံငွေအဖြစ် ဒုတိယအကြိမ်တင်ဆက်ကပြမည့် နှင်းဆီရင်ခွင်အဖွဲ့သားများ၏ နှစ်သစ်နှင်းဆီအမည်ဖြင့် အငြိမ့်နှင့် ပြဇာတ်ဖျော်ဖြေပွဲကို ဇန်န၀ါရီ၁၅ရက်မှ ၁၇ရက်နေ့အထိ ရန်ကုန်မြို့အမျိုးသားဇာတ်ရုံတွင် တင်ဆက်ကပြမည်ဖြစ်ကြောင်း ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ထံမှ သတင်းရရှိသည်။
ယခုဖျော်ဖြေပွဲတွင် နှင်းဆီရင်ခွင် အဖွဲ့သားများဖြစ်ကြသည့် နေတိုး၊ မိုးမိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းတို့အပြင် အဆိုတော်ရဲလေးလည်း ပါဝင်မည်ဖြစ်ပြီး၊ မင်းသမီးများအဖြစ် မေကဗျာနှင့်ဖူးစုံတို့ ကပြမည်ဖြစ်သည်။ အငြိမ့်နှင့်ပြဇာတ်ကို ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဖန်တီးမည်ဖြစ်ပြီး၊ ဇာတ်တိုက်လေ့ကျင့်မှုများကို ဇန်န၀ါရီလဆန်းပိုင်းတွင် စတင်ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါဖျော်ဖြေပွဲတွင် အငြိမ့်နှင့်ပြဇာတ်အပြင် တေးသီချင်းဖြေဖျော်မှုများလည်း ပါဝင်ရန် စီစဉ်နေကြောင်း သိရသည်။
Credit: အေးသူ (7Day News Journal, Vol. 8, No. 44)
source:ပလန်းနက်ဒေါ့ကွမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment