Wednesday, January 27, 2010
မြန်မာ-အိန္ဒိယ-
မြန်မာ-အိန္ဒိယ- တရုတ်ကုန်သွယ်ရေးဆောင်ရွက်ရန်သမိုင်းဝင်စတီးဝဲလ်လမ်းမကြီး ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းသတင်းဖော်ပြချက်များအရသိရသည်။အိန္ဒိယနိုင်ငံ တွင် မကြာသေးမီက ကျင်းပခဲ့သော (၅)ကြိမ်မြောက်အရှေ့မြောက်စီးပွားရေးထိပ်သီးအ စည်းအဝေးပွဲ၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဥာဏ်ဝင်းက အိန္ဒိယနိုင်ငံမှ အ ဆိုပြုထားသည့် အတိုင်း လမ်းမကြီးကို ဖွင့်လှစ်ရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရပါသည်။ အဆိုပါ လမ်းမကြီးကို ဖွင့်လှစ်လိုက်ပါက အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ကွာဝေးမှုမှာ ကီလိုမီတာ ၆၀၀၀ ခန့်မှ ကီလိုမီတာ ၁၇၅၀ ခန့်အထိသို့လျော့ကျသွားမည်ဖြစ်ကြောင်း၊တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့်အိန္ဒိယနိုင်ငံအာသံပြည်နယ်များအကျိုးကျေးဇူးရရှိရုံသာမကမြန်မာနှင့် ထိုင်းနိုင်ငံတို့ အတွက်လည်း ကုန်သွယ်ရေး အခွင့်အလမ်းများ ပွင့်လင်းလာမည် ဖြစ် ကြောင်းသိရသည်။ စတီးဝဲလ်လမ်းမကြီးကို အိန္ဒိယနိုင်ငံအာသံပြည်နယ်မှ စတင်ဖောက် လုပ်ခဲ့ပြီးမြန်မာနိုင်ငံကိုဖြတ်ကာတရုတ်နိုင်ငံကူမင်းအထိဖောက်လုပ်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံဖက်မှ မြန်မာနိုင်ငံတနိုင်းအထိလမ်းဖောက်လုပ်ပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံ တနိုင်းမှ အိန္ဒိယနိုင်ငံ နယ်စပ်အထိ လမ်းဖောက် လုပ်ရန်အတွက် အိန္ဒိယနိုင်ငံ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်နိုင်ပြီးဖြစ်ကြောင်း၂၀၁၀ခုနှစ် ဇန်နဝါရီ ၂၇ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment