Sunday, January 17, 2010

ရန်ကုန်မြေပုံစာအုပ်ထွက်ရှိမည် အတွဲ(၁၁) အမှတ်(၂)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏လမ်းညွှန်မှုဖြင့် Design Printing Services Co.,Ltd. မှ ရန်ကုန်မြေပုံစာအုပ် (၂၀၀၉-၂၀၁၀) ကို စတုတ္ထအကြိမ်အဖြစ်ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

The Map of Yangon (2009-2010) တွင် ဂြိုဟ်တုမှရရှိသော ရန်ကုန်မြို့တော်၏ပကတိ Satellite Map ကိုအခြေခံလျက် ရန်ကုန်မြို့လယ်ခေါင်မှစ၍ လှိုင်သာယာစက်မှုဇုန်၊ ဒဂုံမြို့သစ်၊ သာကတေ၊ သန်လျင်
ကျောက်တန်း၊ ဒလအစရှိသောမြို့ သစ်များအထိ အသေးစိတ်မြေပုံ ပေါင်း(၁၈၀)ဖြင့် အချိတ်အဆက်မိမိ ဖော်ပြထားသည်။ The Map of Yangon 2009-2010 တွင် လမ်းအမည် များနှင့် တည်နေရာအမည်များကို မြေပုံပေါ်တွင် အင်္ဂလိပ်-မြန်မာနှစ် ဘာသာဖြင့် ရှင်းလင်းပြတ်သားစွာ ဖော်ပြထားကြောင်းသိရသည်။ ထို့ပြင်စာအုပ်ထဲတွင် မြန်မာတစ်နိုင်ငံ လုံး မြေပုံကိုလည်းထည့်သွင်းဖော်ပြထားသည်။ ထူးခြားချက်မှာ အဆိုပါမြေပုံ
များနှင့်အချက်အလက်များ၊ ကြော် ငြာများကို www.dpsmap.com အမည်ဖြင့် မြန်မာနိုင်ငံအကြောင်း ပြည့်စုံစွာဖော်ပြထားသော Website တစ်ခုကိုအင်တာနက်ပေါ်တွင်အခမဲ့ လွှင့်တင်ကြော်ငြာပေးထားပြီးဖြစ် သည်။ Website တွင်မြန်မာနိုင်ငံ အကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းနှင့်ပတ်သက်သော အကြောင်းအရာများ၊ ပွဲတော်များအ ကြောင်းကို ကြော်ငြာများဖြင့် ဝေေ၀ ဆာဆာလွှင့်တင်ပေးထားသည်။
အသုံးပြုလိုသူများအနေဖြင့် Design Printing Services Co.,Ltd. (D.P.S) အမှတ်-(၁၆၅/၁၆၇)၊ ၃၅ လမ်း၊ ပထမထပ်၊ ကျောက်တံတား မြို့နယ်၊ ဖုန်း-၀၁-၂၀၄၀၂၀၊ Fax: 01-245230, E-mail: dps@myanmar.com.mmThis e-mail address is being protected from spambots. You need JavaScript enabled to view it တွင်ဝယ်ယူနိုင်ပါသည်။

No comments: