၂၀၀၈ခုနှစ်အတွင်းရုံတင်ပြသခဲ့သောရှပ်ရှင်ကားများကိုချီးမြှင့်မည့်မြန်မာရုပ်ရှင်
ထူးချွန်ဆု( အကယ်ဒမီ) ပေးပွဲကို လာမည့် ဖေဖော်ဝါရီ ၆ ရက်တွင် နေပြည်တော်ရှိ
လဟာပြင်ဇာတ်ရုံ၌ ယခင်နှစ်များကအတိုင်း ကျင်းပမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ရုပ်
ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေကပြောသည်။ အကယ်ဒမီ ဆုချီးမြှင့်ပွဲကို ပြည်
ထောင်စုတိုင်းရင်းသား ကိုယ်စားလှယ်များ၊အနုပညာရှင်၊အတတ်ပညာရှင်များတက်
ရောက်ကြမည်ဖြစ်ပြီးဆုပေးပွဲသို့ တက်ရောက်လိုသည် ရန်ကုန်မှ အနုပညာရှင်များ၊
သတင်းယူလိုသည့် စာနယ်ဇင်းသမားများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ
ကားစီစဉ်ပေးမည်ဖြစ်ကြောင်း ဦးမြင့်သိန်းဖေကပြောကြားသည်။ နေပြည်တော် လ
ဟာပြင်ဇာတ်ရုံတွင်ဆုချီးမြှင့်ပွဲစင်မြင့်တည်ဆောက်ရေးလုပ်ငန်းအဖွဲ့များလည်းသွား
ရောက်ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်
ဆုအရေအတွက်နှင့် အနုပညာအတက်ပညာဆိုင်ရာဆု ၁၁ဆုကိုချီးမြှင့်ထားပြီး ယ
ခုနှစ်အတွက်ထူးချွန်ဆုစာရင်းဝင် ဇာတ်ကား၁၂ကားရှိသည့်အနက်ရှစ်ကားမှာ ဟာ
သဦးစားပေးဇာတ်ကားများဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် 7
Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
Sunday, January 17, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment