Saturday, January 2, 2010

မီဒီယာများ မမှန်ကန်သည့် သတင်းဖော်ပြပါက တရားစွဲဆိုမည်ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌဆို

မြန်မာနိုင်ငံဆရာဝန်အသင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ကို တရားဝင် ပြောရေးဆိုခွင့်ရှိသူကသာ အလုပ်အမှုဆောင်အဖွဲ့၏သဘောတူညီ မှုဖြင့် ပြောခွင့်ရှိမည်ဖြစ်ပြီး မီဒီယာများမှ မမှန်ကန်သည့် သတင်းများကို ဖော်ပြပါ က အသရေဖျက်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်နိုင်ကပြောသည်။

မြန်မာနိုင်ငံဆရာဝန်အသင်းနှင့်ပတ် သက်သည့် ပညာရပ်အဖွဲ့အစည်းအသီးသီး၏ အချက်အလက်များကိုထုတ်ပြန်ရာ တွင် တရားဝင် ပြောဆိုခွင့်ရှိသူဖြစ်ခြင်း၊ နိုင်ငံပိုင်သတင်းဌာနများ၊ဝန်ကြီးဌာနများ ၏ တရားဝင်စာရင်းဇယားများမှ ထုတ်ပြန်သည့်အတိုင်း မှန်ကန်မှုရှိခြင်း၊လျှို့ဝှက် ထိန်းသိမ်းအပ်သည့် ကိစ္စများကို အလုပ်အမှုဆောင်အဖွဲ့၏ သဘောတူညီချက်ရ ရှိမှသာ ထုတ်ပြန်ခြင်း၊ မိမိကိုယ်ရေးကိုယ်တာအမြင်သဘောထား ကိစ္စရပ်များကို အသင်းကိစ္စနှင့် ရောထွေး၍ မတင်ပြအပ်ခြင်းစသည့် ကိစ္စရပ်များနှင့် အထက်ပါ အကြောင်းအရာကို ဒီဇင်ဘာ ၂၆ ရက်နေ့တွင်ကျင်းပသည့် မြန်မာနိုင်ငံဆရာဝန် အသင်း( ရန်ကုန်) ၏ ၂၀၀၉ ခုနှစ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဆရာဝန်အသင်းနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဝက်ဘ်ဆိုက် တစ်ခုလည်းရှိတယ်။ ဒီဝက်ဘ်ဆိုက်ကနေ ဆရာဝန်အသင်းရဲ့သတင်းအချက်အ လက်တွေကို တရားဝင်ထုတ်ပြန်သွားမှာပါ။ ဆရာဝန်တိုင်းကလည်းဆေးကောင် စီက ချမှတ်ထားတဲ့ဥပဒေအတိုင်းဘောင်အတွင်းကနေဆောင်ရွက်ရင်တိုင်းပြည်၊ မိမိ၊ လူနာသုံးမျိုးလုံးမှာ အကျိုးရှိပါလိမ့်မယ်” ဟု အထက်ပါပုဂ္ဂိုလ်ကယင်းပွဲတွင် ပြောကြားကြောင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် Popular News ဂျာ နယ်တွင်ဖော်ပြထားပါသည်။

No comments: